ကမမောင်းမြို့အတွင်းရှိ အသက် (၁၈)နှစ်အထက် စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူ များအား ပထမအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covishield အမျိုးအစား ဆက်လက် ထိုးနှံပေး

ကမမောင်း    မတ်လ    ၉

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် အသက် (၁၈) နှစ် နှင့်အထက်စစ်ဘေးရှောင် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Covishield     အမျိုးအစား ကာကွယ်ဆေးများ ထိုးနှံပေးရှိရာ ယနေ့နံနက် (၉)နာရီ အချိန်က စတင်ကာ ကျေးလက်ကျန်းမာရေးဌာနတွင်ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင်အသက်(၁၈)နှစ် နှင့်အထက် ပထမအကြိမ် ကိုဗစ်၁၉-ရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံသူ ကျား(၂၀)ဦး၊မ(၂၉)ဦး၊   စုစုပေါင်း(၄၉)ဦးတို့အား ကမမောင်းမြို့ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမဒေါ်နန်းယုဝေနှင့် အဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး    Covishield     အမျိုးအစား ကာကွယ်ဆေးကိုဆက်လက် ထိုးနှံပေးခဲ့ကြ သည်။ ကာကွယ်ဆေးမထိုးနှံမီ အပူရှိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ရှိန်ပေးခြင်းနှင့် စစ်ဆေးပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်း  ဖြစ် ကြောင်း ကာကွယ်ဆေးထိုးပြီးမှလည်း  နာရီဝက်ခန့် စောင့်ကြည့်ပေးမှာဖြစ်ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ကမမောင်း(ပြန်/ဆက်)