စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်

စုကလိ  မတ်  ၉

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ ယနေ့ နံနက် ၁၀ နာရီက  ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။

ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)သည် ကူးစက်မှု မြန်ဆန်သော ကြောင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေကြရန်၊ အပြင်သို့ ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး သွားလာကြရန်၊ ပြင်ပမှပြန်လာတိုင်း လက်ကို စက္ကန့် ၂၀ ကြာ အောင် စနစ်တကျ ဆေးကြောရန်နှင့် ရောဂါကူးစက်ခံရသည်ဟု သံသယရှိလျှင် နီးစပ်ရာကျန်းမာရေးဌာနများသို့ အချိန်မီသွား ရောက်စစ်ဆေးရန် စသည့် အသိပေးချက်များနှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကွင်းဆက်ပြတ်တောက်နိုင်စေရေးအတွက်ပြည်သူ များအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မဖြစ်မနေထိုးနှံကြရန်ကို (Hand Speaker)ဖြင့် လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။

ပိုပိုအောင်