ဝေါလေမြိုင် မတ် ၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ကူးစက်မှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ် ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)သည် ကူးစက်မှု မြန်ဆန် သောကြောင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေကြရန်၊ အပြင်သို့ထွက် တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး သွားလာကြရန်၊ ပြင်ပမှပြန်လာတိုင်း လက်ကို စက္ကန့် ၂၀ ကြာ အောင် စနစ်တကျ ဆေးကြောရန်နှင့် ရောဂါကူးစက်ခံရသည်ဟု သံသယရှိလျှင် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အချိန်မီ သွားရောက်စစ်ဆေးရန် စသည့် အသိပေးချက်များနှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကွင်းဆက်ပြတ်တောက်နိုင်စေရေးအတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန်ကို (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ ကြောင်း သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)