ကျိုက်ဒုံ မတ် ၉
ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေသည့် ဒေါနမြေ လက်ကမ်းစာစောင်များအား ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ယနေ့ နံနက် ၁၀ နာရီက (အ.ထ.က)ကျိုက်ဒုံကျောင်းတွင် အခမဲ့ ဖြန့်ဝေခဲ့သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များတွင် ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်အချိန် မှာ ကလေးများအား ကလေးအလုပ်သမားဖြစ်စေခြင်းမှ ပိုမိုကာကွယ်ကြရန်၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးများသည် အနာဂတ်အိပ်မက်များ မက်နေရန်ဖြစ်ပြီး လုပ်ငန်းခွင်ဝင်ရောက်ရန်မဟုတ်ပါ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကိုဗစ်- ၁၉ ကာလ ကလေးအလုပ်သမားများနှင့်ကျောင်းပညာရေး၊ ကလေးအလုပ်များ၏ အလုပ်ချိန် ကန့်သတ်ချက်၊ သင်အလုပ်ခန့်မည့် ကလေးများသည် အသက် ၁၄ နှစ်ပြည့်ပြီးဖြစ်ပါစေ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ပြည်သူ များအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့စသည့် အသိပညာပေးမှုများ ပါဝင်ကြောင်း သိရသည်။
သန်းထွန်းနိုင်