ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး တစ်ကြိမ်မျှမထိုးရ​သေးသူများ​အား ကာကွယ်​ဆေး ထိုးနှံနိုင်​ရေး ကွင်းဆင်း​ကြီးကြပ်ဆောင်ရွက်

ချောက် မတ် ၉

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၌ မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဦး​​ဆောင်ညွှန်ကြားမှုဖြင့် ချောက်မြို့နယ် အတွင်းရှိ ပြည်သူများအား ကာကွယ်​ဆေးထိုးနှံ​ရေး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ​ဒေါ်သိမ့်ဝါ ဦး​ဆောင်ကြီးကြပ်သည့်၊ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုဦးစီးမှူး​ဒေါ်နွဲ့ယဉ်ဝင်းနှင့် အဖွဲ့သည်တွင်းလပ်တိုက်နယ်အုပ်စု၊ တွင်းလပ်​ကျေးရွာ​ကျေးလက် ကျန်းမာ​ရေးဌာနတွင် ယနေ့နံနက်က အသက်၁၈နှစ်အထက် ကာကွယ်​တစ်ကြိမ်မှမထိုးရ​သေးသူများ​ ကာကွယ်​ဆေးထိုးနှံနိုင်​ရေး ကွင်းဆင်း​ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုထိုးနှံ​ပေးမှုသည် အသက်၁၈နှစ်အထက် ကာကွယ်​ဆေးတစ်ကြိမ်မှ မထိုးရ​သေးသူများအား ထိုးနှံ​ပေးခြင်းဖြစ်၍ တွင်းလပ်​ကျေးရွာကျန်းမာ​ရေးဌာန၌ တွင်းလပ်၊ သလုံး​သွေး၊ ကြို့ပင်​ကျေးရွာအုပ်စုများမှ ကာကွယ်ဆေးထိုးလာသူများအား အဆင်ပြေစွာထိုးနှံနိုင်​ရေးအတွက် မြို့နယ်ဦးစီးအရာရှိ​ ဒေါ်သိမ့်ဝါနှင့်အဖွဲ့၊ ကျေးလက်ကျန်းမာ​ရေးဌာန ကျန်းမာ​ရေး ဝန်ထမ်းများ၊​ ကျေးရွာအုပ်ချုပ်​ရေးမှူးများ၊ စာ​ရေးဝန်ထမ်းတို့ပူး​ပေါင်း၍ ကာကွယ်​ဆေးထိုးနှံမှု လွှမ်းခြုံနိုင်​ရေးအတွက် ကျန်းမာ​ရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉​ရောဂါကာကွယ်​ရေးညွှန်ကြားချက်နှင့်အညီ ပူး​ပေါင်းကူညီ ဆောင်ရွက်ခဲ့သည်။

မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ​ချောက်မြို့​ပေါ်​တွင် ကာကွယ်​ဆေးထိုးစုရပ် (၂)​နေရာ၊​ကျေးရွာများတွင် သက်ဆိုင်ရာ ကျေးလက်ကျန်းမာ​ရေးဌာန(၁၀)​နေရာ၊ စုစု​ပေါင်း​ဆေးထိုးစုရပ်(၁၂)​နေရာတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မတ်လ (၅) ရက်နေ့မှ (၂၁)ရက်​နေ့အထိ ထိုးနှံပေး သွားမည်ဖြစ်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ ကြီးကြပ်အဖွဲ့များနှင့် သက်ဆိုင်ရာပူး​ပေါင်း အဖွဲ့များက မိမိတာဝန်ကျရာ​ ဆေးထိုးစုရပ် အသီးသီးတွင် ကွင်းဆင်းပူး​ပေါင်း​ဆောင်ရွက် လျက်ရှိ​ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)