ပေါင်းတည် မတ် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူထုအခြေပြု ဗဟိုဌာနCommunity Centreခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ အသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ် ဝါသနာရှင်များ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ၁နာရီအချိန်က စာရေးဆရာ ထက်ကျော်ရေးသားထားသည့် "လောကဓံနှင့် ဘောလုံးကစားခြင်း "စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးဆင့်က စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် လူငယ်များ၊ ကျောင်းသားကျောင်းသူလေးများ စာဖတ်သည့် အလေ့အကျင့်ရရှိစေရန်နှင့် ဖတ်ရှုသည့် အသက်အရွယ် အလိုက် စာပေဗဟုသုတ တိုးပွားရရှိပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် စာပေဝါသနာရှင်များက "လောကဓံနှင့် ဘောလုံးကစားခြင်း"စာအုပ်ပါ လူက ကာလကို စားပါ၊လေမတိုက်ရင် လှော်၊ တစ်ခါလိမ်ဖူးရင် ဆက်လိမ်ရတော့မယ်နှင့် ဘဝရှင်သန်ရေးအတွက် ဆေးတစ်ခွက်စာစုများပါ အကြောင်းအရာများကို ဖတ်ရှုဆွေးနွေးကြပြီး ၄င်းတို့၏ အတွေးအမြင် များကို ပြန်လည် မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)