မင်္ဂလာဒုံ မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်သီရိရတနာစျေးတွင် စျေးရောင်းချ နေသော စျေးရောင်းသူများနှင့် စျေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ၊ လက်သန့်ဆေးရည်များအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထို့ပြင် စျေးဆိုင်များရှိ စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား ကိုဗစ်ရောဂါကာကွယ်ရေးနှင့် သက်ဆိုင်သည့်တစ်ဦးနှင့် တစ်ဦး (၆) ပေခွာ၍နေရန်၊ စျေးရောင်းချရာတွင်လည်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ထားရန်၊ စျေးဝယ်သူများကလည်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ထားရန်၊ လက်သန့်ဆေးရည် များကိုလည်း အသုံးပြုရန်၊ လက်ဆေးဘေစင်များကိုလည်း စနစ်တကျထားရှိရန်စသည့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်ရောဂါကာကွယ်ရေး နည်းလမ်းများ နှင့်အညီ နေထိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်း၍ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)