ဖြူး မတ်လ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ဖြူးမြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများအား ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ သက်ဆိုင်ရာဌာနဆိုင်ရာများအား မြို့မဈေးအသိပညာပေး လှုပ်ရှားမှုအဖွဲ့ဖွဲ့ကာ ဆောင်ရွက်နေလျက် ရှိရာ မတ်လ (၉) ရက်နေ့၊ နံနက်ပိုင်းက ဖြူးမြို့မဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့မဈေးအတွင်းတွင် ဈေးရောင်းဈေးဝယ်သူများအနေဖြင့် နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ကာ ဈေးရောင်းဈေးဝယ်ပြုလုပ်ကြရေး အသိပညာပေးခြင်း၊ Mask များပေးဝေတပ်ဆင် စေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူထားခြင်းနှင့် နှာခေါင်းစည်း Mask မတပ်ပါက ဈေးမရောင်းရ ဗွီနိုင်းများထားရှိခြင်း၊ အသိပညာပေးလက်ကမ်းများ ဖြန့်ဝေခြင်းနှင့် နှိုးဆော်အသိပေးခြင်းများကို တစ်ပတ်လျှင် (၃) ကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
နေမျိုးလွင်(ပြန်/ဆက်)