ဇီးကုန်း မတ် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက ဇီးကုန်းမြို့မ ဈေးကြီး၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုမြတ်ထွေးနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မာမာဦးနှင့် ဝန်ထမ်းများ၊ မြို့မဈေးတာဝန်ခံ ဦးခင်မောင်ထွန်းနှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဆောင်ရန်ရှောင်ရန်အချက်များ၊ မီးကိုစနစ်တကျ သုံးစွဲမှု ရှိစေရေးနှင့် မီးလောင်မှုဖြစ်ပွားပါက ဆက်သွယ်ဆောင်ရွက်ရမည့် အချက်များကို ဇီးကုန်းမြို့နယ် မြို့မဈေးကြီးအတွင်း အသိပညာပေးဆော်ဩ ပြောကြားပြီး၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာများလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)