မရမ်းကုန်းမြို့နယ် “ရွှေရောင်သမိုင်း" အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း (ERSSDO) မှ ရေသယ်ယာဉ်ဖြင့် ရေလိုအပ်သည့်နေရာများသို့ သွားရောက်လှူဒါန်း

မရမ်းကုန်း  မတ်  ၁၀

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ “ရွှေရောင်သမိုင်း" အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း(ERSSDO)မှ ရေလိုအပ်မှုဖြစ်ပေါ်နေသောနေရာများသို့ အသင်းပိုင်ရေသယ်ယာဉ်ဖြင့် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက သွားရောက်ကူညီ လှူဒါန်းပေးခဲ့သည်။

အဆိုပါ ရေလိုအပ်ချက်များဖြစ်ပေါ်နေကြောင်း “ရွှေရောင်သမိုင်း” အသင်းရုံးသို့ ဆက်သွယ်အကူအညီ တောင်းခံသည့် နေရာများမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်မင်းရောင်အိမ်ရာရှိ လူနေတိုက် (၂) လုံးနှင့် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့ရှိ ရေခဲစက်ဝန်းနေရာများဖြစ်ပြီး ရေသယ်ယာဉ်နှင့် အရေးပေါ်လူနာတင်ယာဉ် လိုအပ်လျှင်လည်း ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်းနှင့် အခမဲ့ကူညီပေးလျက်ရှိကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)