အလုံမြို့နယ်၌ အသက် (၁၈) နှစ်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်

အလုံ  မတ်  ၁၀

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်  အသက် ၁၈ နှစ်အထက်နှင့် ဘိုးဘွားများ၊  ပြည်သူများ၊ လက်ရှိတာဝန် ထမ်းဆောင်နေသောဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ သံဃာတော်များနှင့် စည်ပင်ဈေးဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး   Phase-6 second dose၊ နှင့် Phase-7 first dose ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ   အလုံမြို့နယ်ခန်းမ၌  ထိုးနှံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင်    ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊  ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ်တွင်  Phase-6 second dose  (၂၃၈၃၂) ဦးနှင့် Phase-7 first dose (၂၅၀၆၁) ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးပြီဖြစ်ပြီး  အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ရပ်ကွက်အလိုက်  သက်ဆိုင်ရာနေရာများတွင် သတ်မှတ်နေ့ရက်များအလိုက်  ထိုးနှံပေးလျက်ရှိကြောင်း သတင်းရသည်။

တင်တင်ချို(ပြန်/ဆက်)