ကျောက်တံတားမြို့နယ်အတွင်း မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက် သစ်ပင်များ ရှင်းလင်း

ကျောက်တံတား  မတ်  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မြို့တော်သန့်ရှင်း သာယာလှပစေရေး အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ (ပန်းဥယျာဉ်ဌာန)မှ ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၈ အချိန်က အမှတ် (၁) ရပ်ကွက် ကုန်သည်လမ်းတစ်လျှောက်ရှိ လမ်းမီးတိုင်၊ လမ်းမီးကြိုးများနှင့် မလွတ်ကင်းသော ပိတောက်ပင်များအား၊ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး မြို့တော်အင်္ဂါရပ် နှင့်အညီ ဖြစ်စေရေးအတွက် အပင်များဝိတ်လျော့ခြင်း၊ ရေတမာပင် များ ပုံသွင်းခြင်းကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ရှင်းလင်းမှုကို ပန်းဥယျာဉ်ဌာနမှ ဒေါ်အိအိဝင်း (ဒု-ကြီးကြပ်ရေးမှူး) က အနီးကပ်ကြီးကြပ် ပြီးဝန်ထမ်းများမှ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)