တောင်ဥက္ကလာပ မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက်(၁၁) နာရီအချိန်က မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
အသိပညာပေးဆွေးနွေးပွဲတွင် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲဝင် စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)မှ ယမန်နေ့ လူငယ်လူရွယ်များ၏စိတ်ဓာတ်နှင့် အကျင့်စာရိတ္တမဏ္ဏိုင်ကို အကြီးမားဆုံးလှိုက်စားဖျက်ဆီးနိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်အား အသိပညာဗဟုသုတရရှိစေရန်၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီးရှောင်ရှားနိုင်ရန်၊ အန္တရာယ် မကျရောက်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ပူးပေါင်း ပြီး မူးယစ်ဆေးဝါးအန္တရာယ်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)