ဘောဂလိ မတ် ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် Omicron ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ကပ်ထားပြသထားကြောင်း သိရ သည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် ပြည်သူများ၊ စာဖတ်ပရိသတ်များနှင့် ကျောင်းသား၊ ကျောင်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ သိရှိ၍ ကြိုတင်ကာကွယ်သိရှိနိုင်ရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုးများ သတိပြုကာ မိမိကစကာကွယ် ပါ၊ ကိုဗစ်-၁၉ရောဂါကို မိမိကစ၍ ဆက်လက်ကာကွယ်ပါ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုး လက္ခဏာများ၊ ရောဂါပိုး ဖြန့်ဝေသူ မဖြစ်ဖို့ Mask တပ်ကြစို့ စသည့် အသိပညာပေး အကြောင်းအရာများ၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများ ပြသထားရှိ ထား ကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး