ကော့ကရိတ် မတ် ၁၀
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီမှဖြန့်ချီသည့် ဒေါနမြေ လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းက ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ရပ်ကွက် အတွင်းရှိ လမ်းဆုံလမ်းခွနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမား များ၏ အသက်အရွယ်၊ ကိုဗစ်-၁၉ ကာလ ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေး အလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ် စသည့် ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် သိမှတ်ဖွယ်ရာ အကြောင်းအရာများပါဝင်သည်။ ကလေး လုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာကွယ်ပေးနိုင်ရေးနှင့် အန္တရာယ်ရှိသော လုပ်ငန်းခွင်တွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ကောင်းမွန်သော အလုပ်အကိုင်ရရှိရေးနှင့် အလုပ်လုပ်သောကလေးများ အနေဖြင့် ပညာရေးနှင့်သက်မွေးပညာကျောင်းများတွင် တက်ရောက်နိုင်ရေးတို့ကို ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ဒေါနမြေ လက်ကမ်း စာစောင်ကို ထုတ်ဝေခဲ့ကြောင်း သိရသည်။
ခင်မျိုး၀င်း