ကမမောင်းမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုး ကြိုတင် ကာကွယ်ရေးအသိပညာပေးနှိုးဆော်မှုများဆောင်ရွက်

ကမမောင်း    မတ်လ   ၁၀

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအိုမီခရွန်”ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ   လိုက်နာကြစေရန်အတွက်။ အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က အရှိန်အဟုန်မပြတ်နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 ထိုသို့ နှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ဗီဇပြောင်း”အိုမီခရွန်”ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှုအများဆုံး  နှင့်စိုးရိမ်ရသည့် မျိုးကွဲသစ်ရောဂါ ဖြစ်သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန်  မိဘပြည်သူများအနေဖြင့်    အတတ်နိုင်ဆုံး အိမ်တွင်း ၌သာ နေထိုင်ကြရန်၊   မိမိအိမ်သို့ ပြင်ပမှ ဧည့်သည်များ    လက်မခံရန်နှင့် အခြားသူများထံသို့    သွားရောက်မလည်မလည်ပတ်ကြရန်၊ အရေးကြီးကိစ္စနှင့်အပြင်ထွက်ပါက လူတိုင်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးရှိသော နေရာများကိုရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ လက်မဆေးဘဲပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက်ကောင်းသောအခန်း၌သာ နေထိုင်ရန်၊ ရောဂါကူးစပ်ခံရပါက နီးစပ်ရာ ကျန်းမာ ရေးဌာနသို့ဆက်သွယ်၍  မပျက်မကွက် ဆေးကုသ မှုခံယူရန် စသည့်လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့်   ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များကို ပြည်သူများ အားကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်းသိရ သည်။

ကမမောင်း(ပြန်/ဆက်)