ဒိုက်ဦး မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀နာရီ အချိန်က စာရေးဆရာ ဒေါက်တာ ကျော်စိန်ရေးသားသည့် "လူငယ် လမ်းညွှန်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြူကြူခိုင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး(Woman Club) အဖွဲ့ဝင်ဒေါ်နီလာကျော်က "လူငယ်နှင့် ကျန်းမာရေး"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club) အဖွဲ့ဝင်မသွန်းခင်ခင်မှ "လူငယ်နှင့်ပညာရေး"ကိုလည်းကောင်း (Book Club) အဖွဲ့၀င် မဝင့်ဝါထိုက်က"လူငယ်နှင့်ဘာသာရေး"ကိုလည်းကောင်း တက်ရောက်လာသူများက “လူငယ်နှင့် ပေါင်းသင်း ဆက်ဆံရေး"လူငယ်နှင့်ကြီးပွါးရေး"၊ "လူငယ်နှင့်နိုင်ငံရေး" ၊"လူငယ်နှင့် မလိုလား အပ်သောအလေ့အထများ" ခေါင်းစဉ်များဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ ကိုရရှိသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်