လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

လှိုင်းဘွဲ        မတ်    ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ဒေသနေ ပြည်သူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိ စေရန်အတွက် စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စာရေးဆရာတက်တိုး ရေးသားထားသော စာဖတ်စည်းစိမ်” စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဦးစောသော်တာလင်းသန့်က လူငယ်လူရွယ်များအနေဖြင့် စာဖတ်အားကောင်းမွန်ပြီး အသိပညာ ဗဟုသုတများ ရရှိစေရန်၊ စာပေမှရရှိလာသော အသိပညာဗဟုသုတများကို အသုံးချတတ်ပြီး လှပသော အနာဂတ်ကို ဖန်တီးနိုင်ရန်၊ တစ်ဦးနှင့်တစ်ဦး အသိပညာများ မျှဝေတတ်စေရန်နှင့် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် စောနိုင်ထွန်းမင်းက စာရေးဆရာတက်တိုး ရေးသားထားသော စာဖတ်စည်းစိမ် စာအုပ်၏ ရည်ရွယ်ချက်၊ စာဖတ်ခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များက စာများများဖတ်မှ တတ်မယ်၊ ရွှေတံခါးပေါက်၊ ကြည်လင်သော တွေးခေါ်မှု၊ စိတ်၏ တိုးတက်မှု၊ အကောင်း ဆုံး အရာတို့ကို မြန်မြန်လုပ်၍ မရနိုင်၊ စည်းစိမ်၊ အတွေးအခေါ်များ၊ တိုးတက်မှု၏ အစ၊ ပျော်ပျော်နေပါ စသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)