ဘားအံ မတ် ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ခင်းကျင်းပြသထားသော Mini Museum ပြတိုက်ငယ်သို့ ဘားအံမြို့ရှိ အ-မ-က(အိမ်တိုင်ကုန်း) ကျောင်းမှ ကျောင်းသား/သူများက ယမန်နေ့မွန်းလွဲပိုင်းက လာရောက် လေ့လာခဲ့ကြကြောင်း သိရှိရသည်။
ပြတိုက်ငယ်Mini Museum သို့ ကျောင်းသား/သူများ လာရောက်လေ့လာရာတွင်ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး)ဒေါ်ခက်ခက်လွင်က ပြတိုက်ငယ် Mini Museum တွင် ခင်းကျင်းပြသထားသော ကရင်တိုင်းရင်းသားယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများ၊ ကရင်တိုင်းရင်း သားတို့၏ လက်မှုအနုပညာပစ္စည်းများ၊ ကရင်ဘာသာဖြင့် ထုတ်ဝေထားသောဘုရားသမိုင်းများ၊ ကျောင်းသင်ခန်းစာများ၊ ကရင်ပြည်နယ်မှထွက်ရှိသော သဘာဝ တွင်းထွက်ကျောက်များအကြောင်း၊ ကရင်တိုင်းရင်းသားတို့၏ လယ်ယာသုံး ပစ္စည်းများအကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိ အထင်ကရဂူဘုရားသမိုင်းများ အကြောင်းများကို ရှင်းလင်း ပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)