သံတောင်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသူ/ကျောင်းသား(၂၀၀)ဦးမှ ဝင်ရောက်ဖြေဆိုမည်

သံတောင်ကြီး   မတ်     ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၂၂ ခုနှစ် မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျောင်းသူ/ကျောင်းသား(၂၀၀)ဦး ဝင်ရောက် ဖြေဆို မည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှသိရသည်။

သံတောင်ကြီးမြို့နယ်တွင် တက္ကသိုလ်လဝင်တန်းစာမေးပွဲ စာစစ်ဌာနကို သံတောင်ကြီးမြို့ ဘုရင့်နောင် အထက၊ လိပ်သိုအထကနှင့် သပြေညွန့်အထကရှိအခြေခံ ပညာအထက်တန်းတို့တွင်ဆောင်ရွက်သွား မည်ဖြစ်ပြီးကျောင်းဖြေ(၁၁၃)ဦး၊ ပြင်ပဖြေ(၈၇)ဦး စုစုပေါင်း ကျောင်းသူ/ကျောင်းသား(၂၀၀)ဦးတို့မှ သက်ဆိုင်ရာ ဘာသာအတွဲလိုက် ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ