ကြာအင်းဆိပ်ကြီး မတ် ၁၀
အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ ကိုယ်ကာယကျန်းမာသန်စွမ်းစေရေး ကိုယ် ကာယလေ့ကျင့်ခန်းများ လေ့ကျင့်ဆောင်ရွက်တတ်လာစေရေးနှင့် အားကစားသိပ္ပံကျောင်းသို့ တက်ရောက်နိုင်မည့် ကျောင်းသား ကျောင်းသူများရရှိပြီး သွားရောက် ပညာသင်ကြားနိုင်စေရေးအတွက် အားကစားအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာ တန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါအားကစားအသိပညာပေးဟောပြောပွဲတွင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ခိုင်ကျော့ကျော့ဝေက ကျောင်းသား ကျောင်းသူများအား အားကစား နှင့်ပတ်သက်၍ အားကစားနည်းအမျိုးအစားများအလိုက် အားကစားနည်းပညာရပ်များနှင့် အားကစားလေ့ကျင့်ကစားခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး ကျန်းမာရေးအထောက်အကူ ဖြစ်စေကြောင်း စသည်များအားပြောကြားပြီး အဆိုပါကျောင်းမှ တာဝန်ရှိသူ ဆရာမထံသို့ မြို့နယ် အားကစားမှူးမှ အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ် လှူန်းခဲ့ကြောင်း သိရသည်။
ထို့နောက်မြို့နယ်အားကစားမှူးမှ Physical Fitness Dance ဂီတနှင့် ကိုယ်ခန္ဓာလှုပ်ရှားမှု တပြိုင်နက်လှုပ်ရှားဆောင်ရွက်ရမှု အဆင့်ဆင့်အား Exercise is Medicine (PFD) လေ့ကျင့် လှုပ်ရှားမှုများအား ကိုယ်တိုင်လက်တွေ့ဦးဆောင်သရုပ်ပြသပြီး ကျောင်းသားကျောင်းသူ များအား ပါဝင်လှုပ်ရှား ဆောင်ရွက် စေခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး