ထန်းတပင်(ပဲခူး) မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အောင်မြင်စွာဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်က အမှာစကားပြောကြားရာ မြို့တွင်း သန့်ရှင်းသာယာလှပရေး အတွက် ဌာနဆိုင်ရာများပြည်သူများ ပေါင်းစပ်ဆောင်ရွက်စေလိုပါကြောင်း၊ နွေရာသီကျရောက်လာပြီဖြစ်တဲ့အတွက် ရုံးများမီးဘေးအန္တရာယ် အထူးဂရုစိုက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးရသေးသူများ အမြန်ဆုံးထိုးနှံကြ စေလိုပါကြောင်း၊ မကြာခင်အခြေခံပညာကျောင်းများတွင် စာမေးပွဲများကျင်းပတော့မှာ ဖြစ်သည့်အတွက် လိုအပ်သည် များ ကြိုတင်ပြင်ဆင်ဆောင်ရွက် စေလိုပါကြောင်း၊ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်များ ကြိုတင်ပြင်ဆင် ထားရှိရန်နှင့် အလားတူဌာနဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ အနေနဲ့လည်း သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ သတ်မှတ်အချိန်ပြီးစီး စေလိုပါကြောင်း၊ မိမိတို့တည်ဆောက်ရေး ကော်မတီအနေနဲ့လည်း ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ အခြားလုပ်ငန်းများနှင့် မိမိတို့သက်ဆိုင်ရာဌာနလုပ်ငန်းများလည်း အောင်မြင်အောင် အားလုံး ပူးပေါင်းဆောင်ရွက် ပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား တင်ပြဆွေးနွေးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးလှမြင့်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)