ကျိုက်ဒုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ

ကျိုက်ဒုံ မတ် ၁၀

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေနေ့လည် ၁ နာရီက ကျောင်းသား ကျောင်းသူများအား အသိပညာ ဗဟုသုတများ ရရှိလာစေရန်အတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များ ပြသဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်များတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပြဋ္ဌာန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေသောဆိုးကျိုးများ၊ လူကုန် ကူးသူက ခေါင်းပုံဖြတ်ခြင်းများ၊ တရားစွဲ ဆိုရေး၊မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊လူကုန်ကူးမှုသည် ထောင်ဒဏ်တစ်သက်ကျခံနိုင်သည့် ကြီးလေးသော ပြစ်မှု၊ လူကုန်ကူးမှုမခံရစေဖို့ ဝိုင်းဝန်းကူညီဆောင်ရွက်စို့ စသည့် အကြောင်းအရာ များ ပါဝင်ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်