(၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်၊ဘုရားသုံးဆူမြို့အမှတ်(၂)ရပ်ကွက်ရတနာ သိင်္ခလမ်းဘေး ရေမြောင်းပြုလုပ်ဆောင်ရွက်

ဘုရားသုံးဆူ မတ် ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူတွင်မြို့ပြအင်္ဂရပ်နှင့် ညီညွှတ်စေရန် ဘုရားသုံး ဆူစည်ပင်သာယာရေးအဖွဲ့မှ လမ်းခင်းခြင်း၊ ရေမြောင်းများ တူးဖော်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန်အမှိုက်များရှင်းလင်းခြင်းတို့အားပုံမှန်ဆောင်ရွက်လျက်ရှိသည်။

ထိုကြောင့်(၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရံပုံငွေကျပ် (၁၄.၅၀၀)သန်းဖြင့် အရှည်ပေ (၄၃၀)၊အကျယ်(၃)​ပေ၊အနက်(၃)ပေရှိကွန်ကရစ်အုတ်စီရေမြောင်း အားဘုရားသုံးဆူမြို့ စည်ပင် သာယာရေးအဖွဲ့မှ အင်ဂျင်နီယာဒေါ်ဆုမြတ်ဇာခြည်မောင်မှ ကြီးကြပ်၍ ဆောင်ရွက်လျက်ရှိပါ သည်။

အဆိုပါ ဆောင်ရွက်မှုအားဘုရားသုံးဆူမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးနှင့်ဘုရားသုံးဆူ မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ဆုမြတ်ဇာခြည် မောင်တို့မှနံနက်(၉)နာရီအချိန် ကွင်းဆင်းစစ်ဆေး၍ လုပ်ငန်းခွင်လိုအပ်ချက်များအား အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အုတ်စီရေမြောင်းအားဖေဖော်ဝါရီ ၂၁ ရက်နေ့၌ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ထိ ၅၀ ရာနှုန်းခန့်ပြီးစီးကြောင်း သိရှိရသည်။

အောင်သူဟိန်း