လမ်းမ‌တော်မြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး စစ်‌ဆေးဆောင်ရွက်

ရန်ကုန် မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အ‌နောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်တွင် ပြည်သူများအားယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာ‌စေရေးအတွက် ယနေ့ နံနက် (၉) အချိန်က၊ မော်တင်ယာယီဈေးရပ်ကွက်၊ ဘုန်းကြီးလမ်းနှင့် ကမ်းနားကွန်ကရစ်လမ်းထောင့်တွင် ယာဉ်စစ်‌ဆေးခြင်း ဆောင်ရွက်လျက်ရှိ‌သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်များသွားလာမှု များပြားသည့် မြို့နယ်အတွင်းရှိ၊ ဘုန်းကြီးလမ်းနှင့် ကမ်းနားကွန်ကရစ်လမ်းထောင့်တွင် ယာဉ်တိုက်မှုမဖြစ်ပွား စေရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်‌နောင်ဖြူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာ‌အဖွဲဝင်များ ပူး‌ပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး   ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်လမ်းရှင်းလင်း‌‌စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်