သံတောင်ကြီး မတ် ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာဖြစ်ပွားမှုကို ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့် အထက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား (Covid Shield) ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က သံတောင်မြို့ ပသိ ခန်းမတွင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့်ပြည်သူများအား အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ကိုယ် အပူချိန်တိုင်းပေး ခြင်းဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ရောဂါလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ