မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြ

ဒဂုံတောင် မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က မိုးကုတ်လမ်းရှိ စက်မှုဇုန်(၁)၊ ရွှေပြည်နန်း သနပ်ခါး စက်ရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စက်ရုံရှိဝန်ထမ်း (၂၀) ဦးအား မီးလောင်မှုဖြစ်ပေါ်ပါက လျင်မြန်စွာမီးငြှိမ်းသတ်နိုင်ရေးနှင့် မီးငြှိမ်းသတ်သည့် နည်းလမ်းများ စနစ်တကျ ရှိစေရေး၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံတို့ကို ရှင်းလင်းအသိပညာပေးဟောပြောခဲ့ပြီး မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊  သဲပုံး၊ ရေပုံးများကို ဆောင်ရွက် ထားရှိရန်နှင့် မီးသတ်ဆေးဘူး လက်တွေ့အသုံးပြုပုံနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရ သည်။

သန်းသန်းအေး(ဒဂုံတောင်)