ကမမောင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဒေါနမြေလက်ကမ်း စာစောင်ဖြန့်ဝေ

ကမမောင်း     မတ်    ၁၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊  ကမမောင်းမြို့တွင်  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လည်ပိုင်း က အ‌ခြေခံပညာကျောင်းများနှင့် ရပ်ကွက်အတွင်းရှိ လမ်းဆုံလမ်းခွနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာကွယ်ပေးနိုင်ရေးနှင့် အန္တရာယ်ရှိသော လုပ်ငန်းခွင်တွင် လုပ်ကိုင်နေရသည့် ကလေးအလုပ် သမားများအား ကောင်းမွန်သော အလုပ် အကိုင်ရရှိရေးနှင့် အလုပ်လုပ်သော ကလေးများအနေဖြင့် ပညာရေးနှင့်သက်မွေးပညာကျောင်းများတွင် တက်ရောက်နိုင် ရေးတို့ကို ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ဒေါနမြေလက်ကမ်းစာစောင်ကိုထုတ်ဝေခဲ့သည်။

အဆိုပါ ဒေါနမြေလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ၏အသက်အရွယ်၊ ကိုဗစ်-၁၉ကာလ ကလေး အလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ် စသည့် ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် သိမှတ်ဖွယ်ရာ အကြောင်းအရာများပါဝင်ကြောင်း သိရှိရသည်။

ယဉ်ယဉ်အေး(ပြန်/ဆက်)