သံတောင်ကြီးမြို့နယ် Community Centreတွင် Book Club / Youth Club အဖွဲ့ဝင် များက စာဖတ်ဝိုင်းကျင်းပ

သံတောင်ကြီး     မတ်   ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေ ရှိစေရန် ၊လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်း ခြားနိုင်ရန် ရည်ရွယ်၍ Book   Club/ Youth  Club အဖွဲ့ဝင်များက စာရေးဆရာသရဝဏ်(ပြည်)၊ဦးဘုန်း(ဓာတု)၊ ညီမင်းညို ရေးသားသည့် လူငယ်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်စာအုပ်အား ယနေ့နံနက် (၁၀) နာရီ အချိန်က သံတောင်ကြီး မြို့နယ်Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် စာဖတ်ခြင်းအကျိုး ကျေးဇူးသိရှိစေရန် မှန်ကန်သော ဘဝရည်မှန်းချက်ပန်းတိုင်များထားရှိစေရန်စသည်များကိုပြောကြားပြီး စောဧပြီထူး (Book  Club) အဖွဲ့ဝင် ကစာအုပ်ပါ အကြောင်းအရာဖြစ်သည့် လူငယ်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်  လူငယ်နှင့် မူးယစ်ဆေးဝါး စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး Youth  Club  အဖွဲ့ဝင် နော်အယ်ဝါးက လူငယ်နှင့်ဝါသနာ”၊ “လူငယ်နှင့်စာပေ” ၊ “လက် အလှပြိုင်ပွဲ” စသည်များကို ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသည့် Book   Club/ Youth  Club  အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေး ဖတ်ကြားခဲ့ ကြောင်း သိရသည်။

နော်နော်မူ