မြဝတီမြို့တွင် မော်တော်ယာဉ်များ သတ်မှတ်စည်းကမ်းနှင့်အညီ မောင်းနှင်ရေး ကြပ်မတ်စစ်ဆေးခြင်းဆောင်ရွက်

မြဝတီ မတ် ၁၁

ကရင်ပြည်နယ်၊ မြို့နယ်အတွင်း မောင်းနှင်သွားလာလျက်ရှိသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ သတ်မှတ်စည်းကမ်းနှင့်အညီ မောင်းနှင်သွားရန် စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာ ရီက နှစ်ခြင်း ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း လမ်းဆုံတွင် အမှတ်(၇၃) ယာဉ် ထိန်းတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ များက ပူးပေါင်းစစ်ဆေးခဲ့သည်။

ထို့သို့ စစ်ဆေးဆောင်ရွက်ရခြင်းသည် ပြည်သူများ၊ယာဉ်များ အန္တရာယ်ကင်းရှင်းစေရန်အတွက် မောင်းနှင်သွားလာလျက်ရှိသည် မော်တော်ယာဉ်များ၊ ဆိုင်ကယ် များအား ရပ်တန့်စေပြီး ယာဉ်မောင်းလိုင်စင်နှင့် သတ်မှတ်အထောက်အထားများ စစ်ဆေးခြင်း၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ဆိုင်ကယ်စီး ဦးထုပ်ပါ ရှိရေး၊ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများအနေဖြင့် ခရီးသည်တစ်ဦးထက် ပိုမိုတင်ဆောင် မောင်းနှင်ခြင်းမပြုရေး၊   မြို့အတွင်း သတ်မှတ်အရှိန် နှုန်းဖြင့်သာ မောင်းနှင်ရေး၊ ဆိုင်ကယ်တွင် နောက်ကြည့်မှန်ပါရှိရေးနှင့် ယာဉ်အန္တ ရာယ်မဖြစ် ပွားစေရေး ဂရုစိုက်မောင်းနှင်ကြရန် ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)