နတ်မောက်မြို့နယ် ထနောင်းကုန်းကျေးရွာတွင် သောက်သုံးရေ ဂါလံ ၂၈၀၀ လှူဒါန်း

 

နတ်မောက် မတ် ၁၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးကြပ်မှုဖြင့် သောက်သုံးရေ လိုအပ်နေသည့် ထနောင်းကုန်းကျေးရွာအတွက် ရေဂါလံ ၂၈၀၀ ကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က  နတ်မောက်မြို့ ကမော္ဘဇအနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း ကလှူဒါန်းပေးခဲ့ကြောင်း သိရ သည်။

အဆိုပါ ထနောင်းကုန်းကျေးရွာတွင်  အိမ်ခြေ(၂၁၀)၊ လူဦးရေ(၁၀၃၆)ဦး ရှိရာ ကျေးရွာသုံး ရေကန်(၂)ကန်ရှိပြီး ရေပြတ်လပ်နေခြင်းကြောင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှဝင်း(နတ်မောက်)