စုကလိမြို့ ၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

စုကလိ မတ် ၁၁

 ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင်  ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အသိပေးအချက်များကို မတ်လ(၁၀)ရက်နေ့ နံနက်(၉)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက  ရပ်ကွက်များသို့ သွား ရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ ့ကြသည်။

အဆိုပါအသိပေးနှိုးဆော်ရာတွင်   ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ သစ်ဖြစ်သည့် အိုမီခရွန် ကူးစက် ပျံ့နှံမှု ရက်ပိုင်းအတွင်းမှာ အာဆီယံနိုင်ငံများသို့ ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံတွင်လည်း ရောက်ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်- ၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက် ကာကွယ်တားဆီးနိုင်ရေး သတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာ မဟုတ်ပါ ကြောင်း၊ မိဘပြည် သူများအနေနှင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားလာခြင်း၊ ပြင်ပထွက်တိုင်း  နှာခေါင်းစည်း (Mask) တပ်ခြင်း၊ လက်ကို စနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ခြင်း စသည့်စည်းမျဉ်း၊ စည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံး သွားကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ပိုပိုအောင်