ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ဒဂုံအရှေ့ပိုင်း   မတ်   ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသောင်းထွဋ်ဦးနှင့် ဝန်ထမ်းအဖွဲ့များက"လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင် ပုဒ်နှင့်အညီအမှတ် (၄) ရပ်ကွက်ရှိပြည်သူ့များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နေလည် ၁၃ နာရီအချိန်၌ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ် ၄ ရပ်ကွက်နေပြည်သူများအား ဒုတိယအကြိမ်အဖြစ် နိုင်ငံသား စိစစ်ရေးကတ်အား အသက် ၁၈ နှစ်ပြည့်၊ ၁၀နှစ်ပြည့်အသစ် ပြုလုပ်ပေးခြင်းနှင့် နိုင်ငံသားကတ် ပျက်စီး၊ ပျောက်ဆုံး၊ လဲလှယ်ခြင်းများ ပြုလုပ်လျှောက်ထား သူ၂၀ဦး အား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီးနောက် ပန်းခင်းစီမံချက်ဖြင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနရုံးတွင် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။  

ဝင်းအိမွန်(ပြန်/ဆက်)