ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးတွင် စာဖတ်ဝိုင်းကျင်းပ

သာကေတ     မတ်     ၁၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်း စီ၏အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန်စာပေမှရသော  အသိအမြင်ဗဟုသုတများကို  အသုံးချ၍  တန်ဖိုးရှိသော လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်  သာကေတမြို့နယ် Book Club အဖွဲ့ တို့ပူးပေါင်း၍ ယနေ့၊ နံနက်(၉)နာရီက စာဖတ်ဝိုင်း ကျင်းပပြု လုပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ) ရေးသားသည့်  ထိပ်ဆုံးမှာ တွေ့ကြမယ် စာအုပ်ပါအကြောင်း အရာများကို  သာကေတမြို့နယ် Book Club ဥက္ကဋ္ဌ ဒေါက်တာ သန်းထိုက် မှဦးဆောင်ဆွေးနွေးခဲ့ကာ စာဖတ်ဝိုင်းကို တက်ရောက် လာကြသော စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များက စာအုပ်ပါအကြောင်းအရာများကို အချင်းချင်းအမြင်ချင်းဖလှယ် ဆွေးနွေး ကာ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။                    

 ဆောင်းနှင်းဖြူ (ပြန်/ဆက်)