ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံတောင် မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်၌  ကျင်းပ ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်ကအဖွင့်အမှာစကား ပြောကြားရာတွင်အခြေခံလူဦးရေ စာရင်း သတ်မှတ်ရက်ပြီးအောင် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ဆောင်ရွက်ရန်ဖွဲ့စည်းထားသည့် ဌာနဆိုင်ရာများအနေဖြင့် အလေးထားဆက်လက် ဆောင်ကြပါရန်နှင့် ဖွဲ့စည်းပေးထားသည့် ဌာနဆိုင်ရာများအနေဖြင့် အလေးထားဆောင်ရွက်ကြ သဖြင့် တိုးတက်မှုရှိပါကြောင်း ကြိုးစားဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်

အသိအမှတ်ပြု မှတ်တမ်းတင်ပါကြောင်း မိမိတို့မြို့နယ်အနေဖြင့် ကာကွယ် ဆေးထိုးနှံခြင်းအား ဧပြီလကုန်တွင် ၁၀၀ရာခိုင်နှုန်း လွှမ်းခြုံနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပန်းခင်းစီမံချက်အနေဖြင့် ၉၁ရာခိုင်နှုန်းဆောင်ရွက်ပြီး ဖြစ်ကြောင်း မှတ်ပုံ တင် မရှိပါက ထောက်ခံစာဖြင့် ခရီးသွားခွင့်မပြုကြောင်း မှတ်ပုံတင်မရှိသူများ မှတ်ပုံတင်ပြုလုပ်လာစေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ပေးအပ်သောတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်

ဖြစ်သဖြင့် လုပ်ငန်းအောင်မြင်စွာထမ်းဆောင်ရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း စသဖြင့်လမ်းညွှန်ပြောကြားခဲ့သည်။ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးမှ ညွှန်ကြား ချက်များဖြစ်သော လျှပ်စစ်မီးပို့လွှတ်မှုအခြေအနေ ကာကွယ်ဆေးထိုးနှံမည့်အခြေအနေ မီးဘေးလုံခြုံရေး ရုံးလုံခြုံ ရေးများ တာဝန် ချထား ဆောင်ရွက်ရေး မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးဝါယာကြိုးဟောင်းများလဲပစ်ရန်၊ မီးဂျိပ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများထား ရှိရန်၊ အခွန်ကောက်ခံရသော ဌာနများအနေဖြင့် အခွန်များ အပြည့်အဝ ကောက်ခံရရှိရေးအခွန်ဆုံးရှုံးမှုမရှိစေရေး အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ကြပါရန် ဆောက်လုပ်ရေးကိစ္စရပ်များ သတ်မှတ်ချိန်ပြီးစီး ရေးကြီးကြပ် ဆောင်ရွက်ကြရန် စက်သုံးဆီစျေးနှုန်း အခြေအနေများနှင့် မိမိရုံးအချက် အလက်များတင်ပြရာတွင် အချက်အလက်များ မှန်ကန်စွာတင်ပြကြရေး စသဖြင့်ထပ်ဆင့်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

သန်းသန်းအေး(ဒဂုံတောင်)