မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြ

ပုဇွန်တောင်  မတ်  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ပုဇွန်တောင်မြို့နယ်တွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းကို ယမန် မွန်းလွဲ(၂ )နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ ပုဇွန်တောင်မြို့နယ်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပုဇွန်တောင်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၏လမ်းညွန်မှုဖြင့် မြို့နယ်မီးသတ်ဌာန တာဝန်ရှိသူက မီးလောင်မှုဖြစ်ပေါ်ပါက လျင်မြန်စွာမီးငြှိမ်းသတ်နိုင်ရေးနှင့် မီးငြှိမ်းသတ်သည့်နည်းလမ်းများ စနစ်တကျရှိစေရေး၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံတို့ကို ရှင်းလင်းအသိပညာပေးညဟောပြောခဲ့ပြီး မီးသတ် ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ရေပုံးများကို ဆောင်ရွက်ထားရှိရန်နှင့် မီးသတ်ဆေးဘူး လက်တွေ့အသုံးပြုပုံနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဟန်စုယဉ်(ပြန်/ဆက်)