စမ်းချောင်း မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

စမ်းချောင်း  မတ်  ၁

 ရန်ကုန်တိုင်း​သေကြီး၊ အနောက်ပိုင်းခရိုင် စမ်းချောင်း​မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို  ယမန်နေ့​နေ့လည်ပိုင်းက စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း ရပ်ကွက်အတွင်းရှိ​​ ပြည်သူများအား ပေးအပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါပေးအပ်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စမ်းချောင်းမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်မင်းသိန်းက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားဆောင်ရွက်‌နေမှုနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့ပြီး မုန့်လုပ် ဆောင်းကုန်းရပ်ကွက်အတွင်းရှိ  နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၇)ဦးကို ပြည်သူများ လက်ဝယ်အရောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးမျိုး​မြ င့်တို့မှပေးအပ်ခဲ့သည်။

လှုမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံသားများ ဖြစ်ကြ‌သော တိုင်းရင်းသားများနှင့် ဥပ‌ဒေ အရနိုင်ငံသားများအားဥပ‌ဒေနှင့် အညီကိုင်ဆောင်သင့်‌သော ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား‌ ဆောင်ရွက်မည့်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်/ မြို့ အသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးများထံသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း(ပြန်/ဆက်)