အလုံမြို့နယ်၌ အ​ခြေခံစားသောက်ကုန် ဆန်နှင့်ဆီများအားစျေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ

အလုံ   မတ်  ၁၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေးနှင့် စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူ စားသုံးနိုင်ရေးအတွက်ရည်ရွယ်ကာ  ယနေ့ နံနက် ၇ နာရီ အချိန်က အလုံမြို့နယ်၊ စောရန်ပိုင်​တောင်ရပ်ကွက် ၊ အလုံခန်းမရှေ့ တွင် ဆန်နှင့်ဆီများအား  ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ရောင်းချပေးရာတွင် ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ဆန်ကုန်သည် ကြီးများအဖွဲ့၏စီစဉ်မှုဖြင့် ပေါ်ဆန်း (၅)ပြည်တစ်အိတ်လျှင်  (၈၅၀၀)ကျပ်၊ ဧည့်မထဆန် (၅) ပြည်တစ်အိတ်လျှင်  (၅၀၀၀)ကျပ်၊ ဆီတစ်ဗူးလျှင်  (၂၈၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါစျေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များက စျေးလာရောက် ဝယ်ယူကြ သူများ စနစ်တကျ ဝယ်ယူနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊

တင်တင်ချို (ပြန်/ဆက်)