လှိုင် မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ သရက်မြိုင်ဓမ္မာရုံတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်း၍ အမှတ်(၇)ရပ် ကွက်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covi shield)ထိုးနှံပေးခဲ့ရာ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသူစုစုပေါင်း (၅၅၀)ဦးနှင့်ဒုတိ အကြိမ်ထိုးနှံသူစုစုပေါင်း(၁၂)ဦးရှိကြောင်း သိရသည်။
လှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် လှိုင်မြို့ နယ် စီမံ အုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကြ က်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ် ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ် နှင့် အထက်ပြည်သူများ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ သွားလာရေးအဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်း ကမ်းချက်များနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ရဲအောင် (ပြန်/ဆက်)