မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး(၁/၂၀၂၂)တက်ရောက်

မကွေး မတ် ၁၂

မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၁/၂၀၂၂)ကို ယမန်နေ့ နေ့လယ် ၃ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ အနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လက်ရှိအခြေအနေတွင် စားနပ်ရိက္ခာ ဖူလုံရုံသာမက လယ်ယာကုန်ထုတ်လုပ်မှုဖြင့် လူနေမှုအဆင့်အတန်းမြင့်မားရေး ဆောင်ရွက်ရန် ရည်ရွယ်၍ လယ်ယာစိုက်ပျိုးမြေများ လျော့ပါးမှုမရှိစေရေး မူဝါဒများ တိတိကျကျ ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဥပဒေနှင့်အညီ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်ရရှိရေး လျှောက်ထားမှုများရှိသလို ခွင့်ပြုချက်မရှိဘဲ အခြားနည်း ကျူးလွန် အသုံးပြုနေမှုများရှိနေကြောင်း စိစစ်တွေ့ရှိရပြီး၊ ခွင့်ပြုချက်မရှိဘဲ အခြားနည်းကျူးလွန်အသုံးပြုမှု များအား သေချာစွာ စာရင်းကောက်ပြုစု၍ မှတ်တမ်းတင်ထားရှိရန်နှင့် ထိရောက်စွာ တားမြစ် အရေးယူ ဆောင်ရွက်ရန်လည်း လိုအပ်မှာဖြစ်ကြောင်း၊လယ်ယာမြေအားခွင့်ပြုချက်မရှိဘဲ အခြားနည်း ကျူးလွန် အသုံးပြုမှုများ ထပ်မံတိုးချဲ့ဆောင်ရွက်မှုမရှိအောင် ဝိုင်းဝန်းထိန်းသိမ်းသွားကြရန်နှင့် တည်ဆဲလယ်ယာ မြေဥပေဒများနှင့်အညီ စိစစ်ဆောင်ရွက်သွားကြရန်လည်း လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ အနေဖြင့် လယ်ယာမြေစီမံခန့်ခွဲမှု ကိစ္စရပ်များကို ဆောင်ရွက်ရာမှာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ် လုပ်မှုတိုးတက်ရေးတို့ကို ရှေ့ရှု၍ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင့်အညီ ဆက်စပ်ပတ်သက်သည့် ဌာန အဖွဲ့အစည်းအားလုံးနှင့် ချိပ်ဆက်ပြီး အောင်မြင်မှုရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်လျှောက်ထားသည့် အမှုတွဲ(၃၉)တွဲအား သဘောထားမှတ်ချက်ပေးနိုင်ရန် ဆွေးနွေး တင်ပြခဲ့သည်။

ဆက်လက်ပြီး ဌာနဆိုင်ရာများမှ မြေအတွက် လျော်ကြေးနှင့်သီနှံအတွက် နစ်နာကြေးပေး လျော်နိုင်ရန်အတွက် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲများမှ တွက်ချက်တင်ပြလာသည့် အမှုတွဲများအား လည်းကောင်း၊ မူလရာသီသီးနှံမှ နှစ်ရှည်ပင် အမျိုးအားသို့ ပြောင်းလဲစိုက်ပျိုးရန် လျှောက်ထား သည့် အမှုတွဲများအား လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် မြေအတွင်း မှားယွင်းထုတ်ပေးခဲ့သော ပုံစံ(၇)များ ပယ်ဖျက်ပေးနိုင်ရေး မကွေးခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲမှ တင်ပြလာခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံ လျှောက်ထားလာသည့် မြေယာအယူခံ အမှုတွဲများအား လည်းကောင်း သဘောထားမှတ်ချက်ပေးနိုင်ရန် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တင်ပြဆောင်ရွက်ခဲ့မှု အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ က စိစစ်ခြင်း၊ ခွင့်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ