စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကွင်းဆင်း ဆောင်ရွက်

 

စလင်း မတ် ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် Mobile အဖွဲ့ဖြင့်ကွင်းဆင်း၍ ကျန်းမာရေးဌာနမှ ဝန်ထမ်းများကသွားရောက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ကဇီးဖြူပင်အုပ်စု၊ဉသျှစ်ကုန်းအုပ်စု၊နတ်တပ်အုပ်စု၊ဇီးကျွန်းအုပ်စု၊တောကြီးအုပ်စု၊တောင်ဘိုကြီးအုပ်စု၊သမန်ကျင်းအုပ်စုရှိ  ပြည်သူများအား အဆိုပါကျေးရွာရှိ  ကျေးလက်ဆေးပေးခန်းများတွင် ပထမအကြိမ် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် ကျေးရွာအုပ်စုအတွင်းမှ စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးနှံရန် လာရောက်ကြသည့် အသက် ၁၈ နှစ်အထက်ရှိသူများ၊ ရဟန်းသံဃာတော်များ၊ ဘိုး/ဘွားများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူများကို သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန် အခြေအနေရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံပေးသည်။

ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီးယမန်နေ့ကဇီးဖြူပင်အုပ်စု၊ဉသျှစ်ကုန်းအုပ်စု၊နတ်တပ်အုပ်စု၊ဇီးကျွန်းအုပ်စု၊တောကြီးအုပ်စု၊တောင်ဘိုကြီးအုပ်စု၊သမန်ကျင်းအုပ်စုမှ  ပြည်သူ ၃၈၅၀ ဦးအား ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

မောင်လွင်  စလင်း