ဒဂုံအရှေ့ မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်များဖြစ်သော စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်မြို့တော် ဝန်ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ညွှန်မှူး ဦးလွင်ကိုဦး၊ ရန်ကုန် အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင်တို့သည် ယနေ့နံနက် ၁၀ နာရီအချိန်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်စစ်ပင် တောင် ရပ်ကွက်အမှတ် ၇ လမ်းမကြီးဘေးပေါက်ကုန်းကွင်းငမိုးရိပ်ရေထိန်းတံ ခါးသို့ရောက်ရှိပြီး နွေစပါးနှင့်မြို့ရေပေးဝေရေး၊ မိုးရာသီ ရေကြီးရေလျှံမှုမဖြစ် ပေါ်စေရေးနှင့် ရေငံဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင်အဖွဲ့သည် အရှေ့ပိုင်းခရိုင်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော အမှတ် ၇ လမ်းမကြီး ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခြင်း၊ အမှတ်(၈)ရပ်ကွက်ရှိသာ သနာရက္ခိတဓမ္မာရုံတွင် အသက်၁၈နှစ်ပြည့်ပြီးသူများ အားကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးမှုအား ကြည့်ရှုအားပေး၍ ပြည်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံ၍ ကာကွယ်ဆေး ထိုးနှံခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)