ပေါက် မတ် ၁၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ နိုင်ငံတစ်ဝန်း ပြုလုပ်ကျင်းပမည့် ၂၀၂၁ -၂၀၂၂ ခု ပညာသင်နှစ် တက္က သိုလ်ဝင် စာမေးပွဲအား မတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်း ပမည်ဖြစ်ရာ ပေါက်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူ စုစု ပေါင်း ၅၀၅ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေး ပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပေါက်မြို့နယ်၌ ပေါက်မြို့ အခြေခံပညာ အထက်တန်း ကျောင်း စာစစ်ဌာန တွင် ကျောင်းသား ကျောင်းသူ (၄၃၉) ဦး၊ ပေါက်မြို့နယ် သ မားတော်ကျေးရွာအုပ်စု ရေပြာ ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ၆၆ ဦး စာစစ်ဌာန (၂) ခု ဖွင့်လှစ်၍ ဖြေဆိုကျင်းပမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၀၅) ဦး ဝင်ရောက်ဖြေ ဆိုသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် စာမေး ပွဲဖြေဆိုနိုင် ရေးအတွက် သက်ဆိုင်ရာ ဦးစီးဌာနများအလိုက် တာဝန်ရှိသူများမှ စီမံဆောင် ရွက်ထား လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ဉာဏ်တိုး(ပြန်/ဆက်)