ထန်းတပင် (ပဲခူး) မတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ထန်းတပင်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ခုနှစ်ပညာသင်နှစ် အတွက် အဋ္ဌမတန်းနှင့်တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၃)ခုဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်ရာစာမေးပွဲများကိုအေးချမ်းစွာဖြေဆိုနိုင်ရန် အတွက်လုံခြုံရေး လုပ်ငန်းများ ကြိုတင်စီမံ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာထန်းတပင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာ စကားပြောကြားရာတွင် (၁၇-၃-၂၀၂၂)ရက်နေ့မှ (၂၃-၃-၂၀၂၂)ရက်နေ့ အထိအဋ္ဌမတန်းအထိ အတန်းတင်စာမေးပွဲကို ကျင်းပသွားမှာဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ် ကြရန်နှင့် လုံခြုံရေးအထူးဂရုစိုက်ကြရန်၊ တက္ကသိုလ်၀င်စာမေးပွဲကို စာစစ်ဌာန(၃)ခုဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများမှအပြင် စည်းဆောင်ရွက်ပေးသွား မှာဖြစ်ပါကြောင်း၊ စာမေးပွဲမဖြေဆိုခင်ကျောင်းများအားမီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးစစ်ဆေးသွားမည်ဖြစ်ပါကြောင်း၊လူမူကယ်ဆယ်ရေးအဖွဲ့မှလည်းအရေးပေါ်ကားတစ်စီးကြိုတင်ပြင်ဆင် ပေးထားစေလိုပါကြောင်းဆွေးနွေး ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ချစ်ကိုကိုကတက္တသိုလ်ဝင်စာမေးပွဲနှင့် အဋ္ဌမတန်းစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မဖြေဆိုမီ၊ ဖြေဆိုနေစဉ်နှင့်ဖြေဆိုပြီးသည် အထိလုံခြုံရေးအင်အား အပြည့် အဝဖြင့်စီမံ ဆောင်ရွက်ထားရှိမှု၊သက်ဆိုင်ရာနယ်မြေများအလိုက်စာစစ်ဌာနများ ထားရှိမှုအတွက် လုံခြုံမှုရှိစေရေးကို ညာရေးဌာနမှသက်ဆိုင်ရာ ကျောင်း အုပ်ကြီးများနှင်ရပ်/ကျေးအဖွဲဝင်များပူးပေါင်း၍ဆောင်ရွက်ကြရန်နှင့်မလိုလားအပ်သောသဘာဝဘေးအန္တရာယ်များမဖြစ်ပေါ်စေရေးအတွက်စီမံဆောင်ရွက်ထားရှိမူများကိုရှင်းလင်းဆွေးနွေးခဲ့သည်။ထို့နောက်မြို့နယ်ပညာရေးမှူးဒေါ်မသန်းစိန်ကစာစစ်ဌာနထားရှိသည့်ကျောင်းများအနေဖြင့်ကြိုတင်စီမံဆောင်ရွက်ထားရှိရမည့်အချက်များနှင့်ပါတ်သက်၍ရှင်းလင်းဆွေးနွေးခဲ့ပြီးတက်ရောက်လာသောကျောင်းအုပ်ကြီးများနှင့်ဆရာ၊ဆရာမများ၏သိရှိလိုသောမေးခွန်းများကိုမြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများကပြန်လည်ဖြေ ကြားရှင်းလင်းခဲ့သည်။
အခမ်းအနားသို့ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ကျောင်းအုပ်ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)