မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ဆောင်းသီးနှံနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

မော်လမြိုင်  မတ်   ၁၂

 

မွန်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ စားသုံးဆီဖူလုံရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မတ်လ ၁၁ ရက်နေ့က  မွန်ပြည်နယ်၊ မုဒုံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  သက်ဆိုင်ရာ တာဝန်ရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က  မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် ဆန်စပါးကို မွန်ပြည်နယ်အနေဖြင့် ပြည်နယ်လူဦးရေအရ ဆန်စပါးဖူလုံမှုရှိပြီး ဆီထွက်သီးနှံများကိုလည်း အထူးအလေးထားဆောင်ရွက်ကြရန်၊  တောင်သူများအနေဖြင့် စိုက်ပျိုးရေးသွင်းအားစုများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည်များကို ပံ့ပိုးထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများ၊ သိပ္ပံနည်းကျ ခေတ်မီနည်းစနစ်ဖြင့် ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်နယ်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများ၏ လိုအပ်ချက်များကို အဖက်ဖက်က ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ စားသုံးဆီဖူလုံရေးကဏ္ဍများနှင့် ပတ်သက်၍ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်က မုဒုံမြို့နယ်အတွင်း ၂၀၂၂ - ၂၀၂၃ ဘဏ္ဍရေးနှစ်တွင် ဆောင်းသီးနှံနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသနှင့်ကိုက်ညီသော ဆောင်းသီးနှံများဖြစ်သည့် မြေပဲ၊ နေကြာ၊ နှမ်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ၊ စိုက်ပျိုးရေး နှင့်မွေးမြူ ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အစရှိသဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

ခရိုင် (ပြန်ဆက်)