လှိုင်းဘွဲ မတ် ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ အစီအစဉ် ဖြင့် မြို့နယ်အတွင်း လူငယ်များအား စာဖတ်အား ကောင်းမွန်လာစေပြီး အသိပညာဗဟုသုတများ ပိုမိုရရှိလာစေရန်အတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနရုံး ပြည်သူ့စာကြည့်တိုက်၌ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စာဖတ်အများဆုံးဆုများ ချီးမြှင့်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သမဝါယမအသင်းစုလီမိတက် ဥက္ကဋ္ဌ ဦးလင်းခိုင်က လူငယ်များ စာဖတ်မှု အရှိန်အဟုန် တိုးတက်လာစေရေးအတွက် စာဖတ် အများဆုံးဆုအား လစဉ်ပေးအပ်ချီးမြှင့်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ စာဖတ်ခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများ၊ အတွေ့ အကြုံများနှင့် လူငယ်များအနေဖြင့် ငယ်ရွယ်စဉ်က စာဖတ်သည့် အလေ့အကျင့်များကို မွေးမြူရန် အရေးကြီးကြောင်း ရှင်းလင်းပြောကြားပြီး ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စာဖတ်အများဆုံး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့်နှစ်သိမ့်ဆု ရရှိသူများအား မြို့နယ်မူးယစ်ဆန့်ကျင် ရေးအသင်းဥက္ကဋ္ဌ ဦးဌေးဝင်း၊ မြို့နယ်သမဝါယမအသင်းစုလီမိ တက် ဥက္ကဋ္ဌ ဦးလင်းခိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဦးစောသော်တာလင်းသန့်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး ဆုရရှိသူများက မိမိတို့၏ နှစ်သက်သော စာအုပ် စာစောင်များ၊ ဖတ်မိသော အကြောင်းအရာများနှင့် ရရှိလာသော အသိပညာဗဟုသုတများကို ပြန်လည်ပြောပြခဲ့ကြကြောင်းသိရှိရသည်။
စောဒိ(ပြန်/ဆက်)