ကွမ်းခြံကုန်း မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများမရှိစေရေး၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊စာသင်ကျောင်းများ၊နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားမှု မရှိစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မီးဘေးကြိုတင်ကာကွယ်ရေးလက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲကို ယမန်နေ့က လက်ခုပ်ကုန်းကျေးရွာအစိုးရနည်းပညာကျောင်းဝန်းအတွင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါသရုပ်ပြပွဲတွင် မြို့နယ်မီးသတ်စခန်းမှ မီးသတ်တာဝန်ခံ ဦးမြတ်သူထိုက် ဦးဆောင်၍ တပ်ဖွဲ့ဝင်(၅)ဦးတို့က ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများအား ကျောင်းအတွင်း မီးဘေးလုံခြုံရေး စီမံချက်ပါအတိုင်း မီးသတ်ပစ္စည်းကရိယာများ လက်တွေ့အသုံပြုနိုင်ရန်နှင့် မီးငြှိမ်းသတ်နည်း အဆင့်ဆင့်ကို ချပြရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ရေစိုဝတ်ဖြင့်မီးငြှိမ်းသတ်နည်း၊ဆေးဘူးသုံးစွဲနည်း၊မီးဘေးကြိုတင် ကာကွယ်ရေးသုံးပစ္စည်းဖြင့် မီးငြှိမ်းသတ်မှုအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပြီး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(ဆွေနွယ်IPRD)