ချောင်းဆုံတွင် ဆီထွက်သီးနှံ နေကြာနှင့်မြေပဲလျာထားဧကထက ်ကျော်လွန်စွာစိုက်ပျိုး အောင်မြင်

ချောင်းဆုံ    မတ်   ၁၂

 မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ချောင်းဆုံမြို့နယ်တွင်၂၀၂၂ခုနှစ်၊ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံးအနေဖြင့် ဆီထွက်သီးနှံ(နေကြာ၊မြေပဲ၊နှမ်း)ကို ဧကပေါင်း(၉၅၇)ဧက စိုက်ပျိုး နိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဒေသတွင်းစားသုံးဆီဖူလုံရေး၊သီးထပ်သီးနှံစိုက်ပျိုးသည့်တောင်သူများဝင်ငွေ တိုးပွားစေရေး အတွက်ရည်ရွယ်ပြီး ဆောင်းသီးနှံအဖြစ် တစ်မြို့နယ် လုံးတွင် ပဲမျိုးစုံစိုက်ဧက (၄၂၇၁) ဧက စိုက်ပျိုးထားရှိခြင်းအပြင် ယခုဘဏ္ဏာနှစ်တွင် ဆီထွက်နေကြာသီးသန့်/သီးညှပ်စိုက် ဧက (၂၀၁) ဧက လျာထားရာ (၈၅၂) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊မြေပဲစိုက်ဧက (၇၈)ဧကလျာထားရာ (၉၄) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် နှမ်းစိုက်ဧက (၁၁)ဧက ကိုလည်း စမ်းသပ်စိုက်ပျိုး နိုင်ခဲ့ကြောင်း၊ ချောင်းဆုံမြို့နယ်တွင် ယခုနှစ်အနေဖြင့် ဆီထွက်သီးနှံကိုလျာထားချက်စိုက်ဧကထက် ဧက (၆၀၀) ကျော် ပိုမိုစိုက်ပျိုး နိုင်ခဲ့ကြောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်လွင်ထံမှ သိရ သည်။

ချောင်းဆုံ(ပြန်/ဆက်)