အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ဝေါလေမြိုင်  မတ်  ၁၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းကို သိရှိနိုင်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ဝေါလေမြိုင်မြို့၊ အခြေခံ ပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(ဝေါလေမြိုင်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်အေးက အဖွင့်အမှာစကား ပြောကြား ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီက ယာဉ်စည်းကမ်း လမ်းစည်းနှင့် ပတ်သက်၍ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နှင်းဝေဦးက မူးယစ် ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများနှင့် မူးယစ် ဆေးဝါး အမျိုးအစားအလိုက် ဖြစ်ပေါ်လာမည့် လက္ခဏာများအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား ယာဉ် စည်းကမ်း လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို မေးခွန်းများ မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သည့် ကျောင်းသား/ကျောင်းသူများကို ဆု လက်ဆောင်များ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)