ဇီးကုန်း မတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း(BOOK CLUB) တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် “စာရေးဆရာအောင်သင်း၏ အားနေသောလက်များ” စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မာမာဦးက စာဖတ်ဝိုင်း ပြုလုပ် ရခြင်းရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်၍ စာရေးဆရာများဖြစ်သော ဇီးကုန်း-ဇော်ဝင်းမောင်၊ စွမ်းဝေ(ဇီးကုန်း)၊ ကိုသက် (ဇီးကုန်း)၊ ဦးခင်မောင်မြင့် (ပညာရေး)နှင့် ဇီးကုန်း-အေးမော်တို့မှ “စာရေးဆရာ အောင်သင်း၏ အားနေသောလက်များ” စာအုပ်ပါ အကြောင်းအရာများကို စာဖတ်ဝိုင်းပြုလုပ်၍ မိမိတို့၏ အတွေ့အကြုံများနှင့် မှတ်သားအတုယူဖွယ်ရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
တင့်ဆွေ (ပြန်ဆက်)